ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တို့သည် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများအား နေပြည်တော်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လက်ခံတွေ့ဆုံခဲ့ရာ-

  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံစဉ် ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့် ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂဝန်ထမ်းများ ယာယီပြောင်းရွှေ့နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ (Head of Office) Mr. Sajjad Mohammad Sajid နှင့်အဖွဲ့တို့တွေ့ဆုံစဉ် UNOCHA က မြန်မာ နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် Mr. Marcoluigi Corsi ဦးဆောင်သော အဖွဲ့တို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် AA သောင်းကျန်းသူများ၏ အကြမ်းဖက်ဖြစ်စဉ် တိုက်ပွဲများကြောင့် ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှဝန်ထမ်းများ စစ်တွေမြို့သို့ ယာယီရွှေ့ပြောင်းနေရာချထားနိုင်ရေး နှင့်  ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ကြန့်ကြာအောင် ဆောင်ရွက်သည့် AA သောင်းကျန်းသူများ၏ ဆောင်ရွက်နေမှု အခြေအနေများ အား ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ UNOCHA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများနှင့်  ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မှ တာဝန်ရှိသူများတို့တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင် အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်း ဆောင်နေသည့် ကုလသမဂ္ဂဝန်ထမ်းများ ယာယီပြောင်းရွှေ့နိုင်ရေးဆိုင်ရာကိစ္စရပ် များနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းအစီအစဉ်များနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရန် ကြန့်ကြာအောင်ဆောင်ရွက်သည့် AA သောင်းကျန်းသူ များ၏ ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့။

 

 

 

Add new comment