တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံဂါရဝပြုနှုတ်ဆက်

(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား မတ်လ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တစ်ဦးချင်းလိုက်လံ ဂါရဝပြုနှုတ်ဆက်ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက် များကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က-

  • တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း‌ဆောင်ရွက်လျက် ရှိမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့မှုနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ခဲ့မှုအခြေအနေများ။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် ဆောင်ရွက် လျက်ရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ အတည်ပြုပြဋ္ဌာန်းခဲ့မှု အခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေး ကြိုး ပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါ သည်။

အငြိမ်းစားတပ်မတော်အရာရှိကြီးများက ယခုကဲ့သို့ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံ့ တာဝန်များကို ဘက်ပေါင်းစုံမှ လစ်ဟင်းမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေးအသိအမှတ်ပြုကြောင်းနှင့် အခြားဩဝါဒစကားများကို  ပြန်လည်ပြောကြား ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က သွားရောက်တွေ့ဆုံဂါရဝပြုနှုတ်ဆက်ခဲ့။
  • တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့။

 

Add new comment