(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို မတ်လ ၂၆ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အကြိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် အဖွဲ့ဝင်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များ၊ လွတ်လပ် ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော် သားအငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိ သူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့ သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟ သူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့ ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်း အရုံးနှင့် သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့် ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါသည်။

အကြိုဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြပါသည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အဝင်လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်များ၏ အမှတ်တံဆိပ်များ၊ တပ်မတော် ရေယာဉ်၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၏ ပုံသဏ္ဍန်များ၊ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများကို မီးအလှအပများဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားရှိကြောင်းနှင့် တပ်မတော်နေ့ အကြိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ချမ်းမြေ့ ကြည်နူးစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို မတ်လ ၂၆ ရက် ညပိုင်းတွင် နေပြည် တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အကြိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့။
  • (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အဝင်လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်များ၏ အမှတ်တံဆိပ်များ၊ တပ်မတော် ရေယာဉ်၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၏ ပုံသဏ္ဍန်များ၊ ပထမ၊ ဒုတိယ နှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများ ကို မီးအလှအပများဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားရှိ။

Add new comment