ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို မတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr.Md. Monwar Hossain က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့်ဇနီးတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ် ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီးနှင့်ဇနီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီးနှင့်ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို မတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့။
  • အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး နှင့်ဇနီး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့။

Add new comment