တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima မှ တင်ထားသော ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူ လူငယ်တစ်ဦး ထွက်ပြေးသွားသည့်အတွက် လူစားထိုးရန် အဆိုပါလူငယ်၏ အဘွားဖြစ်သူထံ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံသည့် သတင်းမှာ ဟုတ်မှန်မှုမရှိကြောင်းနှင့် ပြည်သူများစိုးရိမ် ထိတ်လန့်စေရန် လုပ်ကြံ သတင်းများရေးသားဖြန့်ဝေခြင်းဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ တင်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်း ကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် သတင်းအမှားနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်မှာ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပန်းတင်ကျေးရွာ အတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ် များမီးရှို့ထွက်ပြေးသွားခဲ့သည့်အတွက် ပန်းတင်ကျေးရွာရှိနေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားတတ်မြောက်မှုမရှိ စေရန် အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေလျက်ရှိပြီး အဆိုပါ သတင်းအမှားများကြောင့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန်အတွက် နိုင်ငံပိုင် မီဒီယာများမှ စစ်မှုထမ်းဆိုင်ရာအသိပညာရေးသတင်းများကို စဉ်ဆက်မပြတ်ထုတ်လွှင့် အသိပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူ လူငယ်တစ်ဦး ထွက်ပြေးသွားသည့်အတွက် လူစားထိုးရန် အဆိုပါလူငယ်၏ အဘွား ဖြစ်သူထံ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံသည့် သတင်းသည် မဟုတ်မမှန်ဝါဒဖြန့်နေသည့် သတင်းအမှားသာဖြစ်။
  • ကောလင်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် သတင်းနှင့်ပတ်သက်၍ သတင်းအမှန်မှာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပန်းတင်ကျေးရွာအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ် များမီးရှို့ထွက်ပြေးသွားခဲ့သည့်အတွက် ပန်းတင်ကျေးရွာရှိနေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်။

Add new comment