မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြို့သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊  မတ်လ ၂၁ ရက်တွင် စစ်တွေမြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦး သည် ဘူးသီးတောင်မြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနှင့် ချိတ်ဆက်၍ မူးယစ် ဆေးဝါးများအား ရန်ကုန်မြို့မှတဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေ ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် တာမွေမြို့နယ်နေ တရားခံ         ထွန်းသိန်းအောင် နှင့် ၎င်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-

  • မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ် ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း”ကုန်တင်သင်္ဘော ၏ ကတ္ထူဖာများအတွင်းမှ WY စာတန်းပါ (ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့၊
  • မတ်လ ၁၄ ရက်တွင် စစ်တွေမြို့နေ အစ်မဝမ်းကွဲ၏ ခင်ပွန်းဖြစ်သူ တရားခံ ပြေး သန့်ဇင်ဦးမှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင် ပေးပါက ငွေကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောကြားသောကြောင့် ခင်ပွန်း ဖြစ်သူနှင့် တိုင်ပင်ကာ သဘောတူလက်ခံခဲ့ကြောင်း၊
  • မတ်လ ၂၀ ရက်တွင် တရားခံပြေး သန့်ဇင်ဦး၏သား တရားခံပြေး ကျော်ပိုင်သူ လာရောက်ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား “ဂေါ်ဇီလာ”      ဆပ်ပြာတောင့်များနှင့်အတူ ရောနှောထုပ်ပိုးပြီး ကတ္ထူဖာများအတွင်းထည့်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ရန် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင် သင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရ။

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်/ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများ ရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ် ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၉ ကြိမ်ရှိပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါးကာလတန်ဖိုး ၂၉၄.၈၂ ဘီလီယံကျပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားခံပြေး သန့်ဇင်ဦး နှင့် ကျော်ပိုင်သူ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၃-၂၀၂၄)

  • မတ်လ ၂၁ ရက်တွင် AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံများနှင့် ချိတ်ဆက်၍ ရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ မူးယစ်ဆေးဝါးပို့ဆောင်ပေးနေသည့်  တာမွေမြို့နယ်နေ တရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့။
  • ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ဆိပ်ကမ်းရှိ အမှတ်() တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေ   ပြေးဆွဲ သည့် အမ်ဗွီ-စိန်ပြည့်မင်းကုန်တင်သင်္ဘော၏ ကတ္ထူဖာများအတွင်းမှ WY စာတန်း ပါ (ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့။
  • ၂၀၁၆ ခုနှစ်မှစ၍ မတ်လ ၂၅ ရက်အထိ AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၉ ကြိမ်ရှိပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါး ကာလတန်ဖိုး ၂၉၄.၈၂ ဘီလီယံကျပ်ဖြစ်။

Add new comment