(၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်သို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်

(၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဖွင့်ပွဲအခမ်းအနားကို     မတ်လ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ အစိုးရအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊            နျူကလီးယားဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးနှင့် စကားဝိုင်းဆွေးနွေးပွဲများတွင် နျူကလီးယားစွမ်းအင် အခြေခံသည့် တီထွင်ဆန်းသစ်မှုများ၊ ကာဗွန်ထုတ်လွှင့်မှု           လျော့ကျရေးအစီအစဉ်များ၊ စဉ်ဆက်မပြတ်စွမ်းအင်ရရှိရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယား စွမ်းအင်မျိုးဆက်သဟဇာတဖြစ်မှု၊ Atomic Energy  ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများ၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစက်မှုလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များ၏ နောက်ဆုံးပေါ်အောင်မြင်မှုများကို ဆွေးနွေးခဲ့ပါသည်။

၎င်းဖိုရမ်၌ နျူကလီးယားနည်းပညာအခြေခံသည့် စက်မှုလုပ်ငန်းဆိုင်ရာ ခေတ်မီ ပြခန်းများနှင့် ပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ ဒစ်ဂျစ်တယ်ကဏ္ဍ၊ သိပ္ပံပညာကဏ္ဍနှင့် ပညာရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် Generation IV  နျူကလီးယား နည်းပညာများကို မိတ်ဆက်ခင်းကျင်းပြသထားကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၃-၂၀၂၄)

  • (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်သို့  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ပြီး နျူကလီးယားစွမ်းအင် အခြေခံသည့် တီထွင်ဆန်းသစ်မှုများ၊ ကာဗွန် ထုတ်လွှင့်မှု လျော့ကျရေးအစီအစဉ်များ၊ စဉ်ဆက်မပြတ်စွမ်းအင်ရရှိရေး၊ ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် နျူကလီးယားစွမ်းအင်မျိုးဆက်သဟဇာတဖြစ်မှု၊ Atomic Energy  ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများ၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစက်မှု လုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များ၏ နောက်ဆုံးပေါ်အောင်မြင်မှုများကို ဆွေးနွေးခဲ့။

Add new comment