ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် လတ်တလောနယ်မြေအခြေ အနေအရ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြစ်ကြီးနားမြို့ရှိ ဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာတို့တွင် လာရောက်ခိုလှုံနေသည့် ယာယီ နေရပ်စွန့်ခွာအိမ်ထောင်စုများအား မြစ်ကြီးနားမြို့၊ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည် ခန်းမ၌ မတ်လ ၂၅ ရက်က တွေ့ဆုံအားပေးထောက်ပံ့ခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ခုနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ခုတို့မှ ခေတ္တလာရောက် ခိုလှုံလျက်ရှိသော အိမ်ထောင်စု စုစုပေါင်း ၁၃၈ စု၊ လူဦးရေ ၅၄၂ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၆,၄၇၂,၂၀၀ တန်ဖိုးရှိ ဆန်အိတ် ၃၁၈ အိတ်၊ ခေါက်ဆွဲခြောက်ဖာ ၁၃၈ ဖာနှင့် ကြက်ဥ ၁၃၈ လုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ယာယီနေရပ်စွန့်ခွာပြည်သူများက ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်ကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်းရှောင်နေထိုင်စဉ်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေစေရေး လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၃-၂၀၂၄)
- ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ခုနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ခုတို့မှ မြစ်ကြီးနားမြို့သို့ ခေတ္တလာရောက် ခိုလှုံလျက်ရှိသော အိမ်ထောင်စု စုစုပေါင်း ၁၃၈ စု၊ လူဦးရေ ၅၄၂ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၆,၄၇၂,၂၀၀ တန်ဖိုးရှိ ဆန်အိတ် ၃၁၈ အိတ်၊ ခေါက်ဆွဲခြောက်ဖာ ၁၃၈ ဖာနှင့် ကြက်ဥ ၁၃၈ လုံးကို ထောက်ပံ့ပေးအပ်ခဲ့။
Add new comment