ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် မတ်လ ၂၅ ရက်တွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများအား နေပြည်တော်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ်-

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ (Head of Office) Mr. Sajjad Mohammad Sajid နှင့်အဖွဲ့တို့တွေ့ဆုံစဉ် UNOCHA က မြန်မာ နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်း ရေးမှူး Mr. Marcoluigi Corsi နှင့် အဖွဲ့တို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ ပြည်ဝင်ခွင့် ဗီဇာနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက် ပေးနေမှုအခြေအနေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် AA သောင်းကျန်းသူများ၏ အကြမ်းဖက်ဖြစ်စဉ်တိုက်ပွဲများကြောင့် ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှဝန်ထမ်းများ စစ်တွေမြို့သို့ ယာယီရွှေ့ပြောင်းနေရာချထားနိုင်ရေးနှင့်  ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရန် ကြန့်ကြာအောင်ဆောင်ရွက်သည့် AA သောင်းကျန်းသူများ၏ ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် UNOCHA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၃-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများနှင့်  ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မှ တာဝန်ရှိသူများတို့တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်                               လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းအစီအစဉ် များ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ ပြည်ဝင် ခွင့်ဗီဇာနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် ကြန့်ကြာအောင် ဆောင်ရွက်သည့် AA သောင်းကျန်းသူများ၏ ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့။

Add new comment