နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၄)ကို မတ်လ ၂၅ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်အောင်ထုတ်လုပ်၍ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တိုးမြှင့် ပို့ဆောင်နိုင်ရေးနှင့် လိုအပ်သည့်ကုန်ပစ္စည်းများတင်သွင်းနိုင်ရေး နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း။
  • စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်တက်လာမှသာ နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း။
  • ပြီးခဲ့သည့်ကာလအတွင်း ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့ရာ ဒေသအလိုက်ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
  • MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြ ရန်လိုကြောင်း။
  • ဘဏ္ဍာငွေနှင့်ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း သတ်မှတ်ကာလပြည့်မည်ဖြစ်ပြီး ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း။
  • ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်သည့်စနစ်ကို အသုံးပြု၍ ဝါသီးနှံကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် အရည်အသွေးမီဝါမျိုးများ   ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း။
  • မြန်မာစာရေးထုံးနှင့်ပတ်သက်၍ စနစ်ကျ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စာပေအားထိန်းသိမ်းခြင်းကို စနစ်တကျဆောင်ရွက်နေရန် လိုကြောင်း၊ သတင်းလုံခြုံမှုအတွက် Cyber Security နှင့်ပတ်သက်ပြီး အမြဲသတိပြု ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၃-၂၀၂၄)

  • ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်အောင်ထုတ်လုပ်၍ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တိုးမြှင့်ပို့ဆောင်နိုင်ရေးနှင့် လိုအပ်သည့်ကုန်ပစ္စည်းများတင်သွင်းနိုင်ရေး နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့။
  • ပြီးခဲ့သည့်ကာလအတွင်း ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့ရာ ဒေသအလိုက်ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးသွားရန်လို။
  • ဘဏ္ဍာငွေနှင့်ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း သတ်မှတ်ကာလပြည့်မည် ဖြစ်ပြီး ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိ အသုံးချနိုင်ရန်လို။

Add new comment