ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုအား ကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော် နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီး များသည် မတ်လ ၂၂ ရက်တွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြ လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြရာ လေ့ကျင့်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူးတပ်ဖွဲ့ ဝင်များ၊ တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၃-၂၀၂၄)

  • (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေး ပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က သွားရောက်ကြည့်ရှုစစ်ဆေး၊   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။
  • စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူးတပ်ဖွဲ့ ဝင်များ၊ တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်မည်ဖြစ်။

Add new comment