၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့ Crocus City Hall ၌ အကြမ်းဖက် တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူများသေဆုံး၊ ထိခိုက် ရသည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် ထပ်တူဝမ်းနည်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်မြားလှစွာသော အပြစ်မဲ့ပြည်သူများသေဆုံး၊ ထိခိုက် ရသည့်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်။ မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချလျက်ရှိပါသည်။ အကြမ်း ဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေး နှင့်တည်ငြိမ်ရေးကို ထိပါးလျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူ များနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သောမိသားစုများနှင့်အတူ ဝမ်းနည်း ကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၃-၂၀၂၄)
- မတ်လ ၂၂ ရက်တွင် မော်စကိုမြို့ Crocus City Hall ၌ အကြမ်းဖက် တိုက်ခိုက် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူများသေဆုံး၊ ထိခိုက်ရသည့် အပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချ။
- အကြမ်းဖက်ဝါဒီသည် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိပါးလျက် ရှိသောကြောင့် မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် ဝါဒီနှင့် အစွန်းရောက်အကြမ်းဖက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက် ရှုတ်ချလျက်ရှိ။
Add new comment