ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲ များဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ အတွင်း သို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိသဖြင့်-
- မတ်လ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ရပ်ကွက်/ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုး ၂,၀၀၀ကျော် စုဝေး၍ “AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကိုကာကွယ်ကြ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကိုမလိုလားပါ၊ ဒီနေရာတွင် မည်သည့်စစ်ပွဲမှ မပြုလုပ်ရ” ဟူ၍လည်းကောင်း။
- မတ်လ ၂၀ ရက်တွင် စစ်တွေမြို့ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသတည်ငြိမ် အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုးများက “စစ်တွေမြို့ကိုကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုဖျက်စီးနေသည့် NUG/AA အလိုမရှိ၊ လူနေရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်း သူများအလိုမရှိ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကို မလိုလားပါ” ဟူ၍လည်းကောင်း မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာဖြင့် သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
ဒေသခံဘင်္ဂါလီလူမျိုးများအနေဖြင့် AA အဖွဲ့၏အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်း တို့ကိုမထောက်ခံပါက ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ၎င်းတို့ဘဝအသက်ရှင် ရပ်တည် နိုင်ရေး စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၃-၂၀၂၄)
- ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့တို့ရှိ ရပ်ကွက်/ ကျေးရွာများမှ ဘင်္ဂါလီလူမျိုး များက ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများအတွင်းတိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား လုံးဝလက်ခံနိုင်မှုမရှိသဖြင့် ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့။
Add new comment