တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်နှင့်ပြည်ပသို့ ထွက်ခွာသူများပြားနေဟူသည့်သတင်းနှင့်ပတ်သက်၍ NUG အဖွဲ့မှ ပြည်သူများကို ကောလာဟလသတင်းအမှားများထုတ်လွှင့်ပြီး အကြမ်းဖက် အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များဝင်ရောက်လာစေရန် စည်းရုံးသိမ်းသွင်း နေခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့၌ စစ်မှုထမ်းစာရင်းများကောက်ခံရာတွင် အမျိုးသမီး များကိုပါ ကောက်ခံလျက်ရှိဟူသည့်သတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အကောင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းများကို စနစ်တကျလုပ်ဆောင် လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော ကလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ PDF အကြမ်း ဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရ။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားတတ်မြောက်မှုမရှိ စေရန် အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေလျက်ရှိပြီး အဆိုပါ သတင်းအမှားများကြောင့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန်အတွက် နိုင်ငံပိုင် မီဒီယာများမှ စစ်မှုထမ်းဆိုင်ရာအသိပညာရေးသတင်းများကို စဉ်ဆက်မပြတ်ထုတ်လွှင့် အသိပေးလျက်ရှိကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၄)
- ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်နှင့်ပြည်ပသို့ ထွက်ခွာသူများပြားနေဟူသည့် သတင်းနှင့်ပတ်သက်၍ NUG အဖွဲ့မှ ပြည်သူများကို ကောလာဟလသတင်းအမှား များထုတ်လွှင့်ပြီး အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များဝင်ရောက် လာစေရန် စည်းရုံးသိမ်းသွင်းနေခြင်းသာဖြစ်။
- မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့၌ စစ်မှုထမ်းစာရင်းများ ကောက်ခံ ရာတွင် အမျိုးသမီးများကိုပါ ကောက်ခံလျက်ရှိဟူသည့်သတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးကြောင်း သိရှိရ။
- ကလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့။
Add new comment