ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို မတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်း ကဏ္ဍပေါင်းများစွာရှိပြီး MSME များကို အားပေးမြှင့်တင်ခြင်းသည် အရေးပါ သည့် အခန်းကဏ္ဍတစ်ခုလည်းဖြစ်ကြောင်း။
  • MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ် ကြောင်း။
  • ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အနေဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆိုပြုထားသည့် ထုတ်ကုန် အမယ် ၁၀၇ မျိုးကို Action Plan ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း။
  • အဆိုပြုထားသည့် ထုတ်ကုန်အမယ်များအနက် ဦးစားပေး ၅၇ မျိုးကိုလည်း ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသအလိုက် စိုက်ပျိုးမွေးမြူ ရေးအခြေခံထုတ်ကုန် (Work Plan) များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။
  • ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင်ရှိသည့် MSME များက ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံစီးပွား တိုးတက်ပြောင်းလဲအောင် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများ အနေဖြင့် ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာ ဖူလုံမှုအတွက် အဓိက ထားထုတ်လုပ်စေလိုပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် တွေ့ဆုံပွဲ ၂၃ ကြိမ်၊ မိမိအနေဖြင့်လည်း MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း။
  • တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များမှ ကဏ္ဍအလိုက် လိုအပ်ချက်များ တင်ပြကြ ပြီး တင်ပြမှုများတွင် အများအားဖြင့် မြေနေရာနှင့် ငွေကြေးအရင်းအနှီး အချက် (၂) ချက် ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတို့ကို ထူထောင်ထားပြီး MSME လုပ်ငန်းများကို ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • MSME လုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နိုင်ငံတကာ စီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ ဒစ်ဂျစ်တယ်စွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးတို့ကို အစီအမံများ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံ အုတ်မြစ်သဖွယ် အလေးထားစီမံပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း။
  • ကောင်းမွန်စွာလည်ပတ်လျက်ရှိသည့် ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ရပ်သည် အရည် အသွေးမြင့်မားပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချပေးနိုင်သည့် အလုပ်အကိုင် အခွင့် အလမ်းကို ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်စွမ်းအားတိုးတက်မှုကိုလည်း အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက်လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်ဖြင့်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အပါအဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီ ဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၄)

  • စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်း ကဏ္ဍပေါင်းများစွာရှိပြီး MSME များကို အားပေးမြှင့်တင်ခြင်းသည် အရေးပါ သည့် အခန်းကဏ္ဍတစ်ခုလည်းဖြစ်။
  • ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အနေဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆိုပြုထားသည့် ထုတ်ကုန် အမယ် ၁၀၇ မျိုးကို Action Plan ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိ။
  • အဆိုပြုထားသည့် ထုတ်ကုန်အမယ်များအနက် ဦးစားပေး ၅၇ မျိုးကိုလည်း ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသအလိုက် စိုက်ပျိုးမွေးမြူ ရေးအခြေခံထုတ်ကုန် (Work Plan) များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရ မည်ဖြစ်။
  • MSME လုပ်ငန်းများ အနေဖြင့် ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာ ဖူလုံမှုအတွက် အဓိက ထားထုတ်လုပ်စေလိုပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားကြရန်လို။
  • MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံ အုတ်မြစ်သဖွယ် အလေးထားစီမံပံ့ပိုးပေးသွားရမည်ဖြစ်။

Add new comment