နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပနိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်နိုင်ရန် အလို့ငှာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ် ဖြည့်စွက်ပြဋ္ဌာန်းချက်အား အမိန်ကြော်ငြာစာအမှတ် ၆၁/၂၀၂၄ ဖြင့် မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
အောက်ပါစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များအား ၂၀၀၉ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ဖြည့်စွက် ပြဋ္ဌာန်းရခြင်းဖြစ်ပါသည်-
(က) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတံဆိပ်
(၁) သီရိဇေယျကျော်တံဆိပ်
(၂) သီရိသိင်္ခကျော်တံဆိပ်
(ခ) နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်
(၁) သီရိသီဟကျော်တံဆိပ်
(၂) သီရိသူရကျော်တံဆိပ်
စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး အတွက် ချီးမြှင့်ခံထိုက်သည့် ပုဂ္ဂိုလ်များ၏ အရည်အချင်း သတ်မှတ်ချက်၊ သက်ဆိုင်ရာ တံဆိပ် အသီးသီး၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုးအရောင်အသွေး၊ တံဆိပ် ပါ အမှတ်အသားများ၏ အဓိပ္ပာယ်ဖော်ဆောင်ချက်၊ အဆင့်ဆင့် ထောက်ခံတင်ပြရန် နည်းလမ်း၊ ဂုဏ်ပြုစာလွှာ စသည်တို့နှင့်စပ်လျဉ်း၍ ပူးတွဲပါ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ် ဖြည့်စွက်ပြဋ္ဌာန်း ချက်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် အညီ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၉ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှုတံဆိပ်နှင့် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်တို့အား ဖြည့် စွက်ပြဋ္ဌာန်းချက်ကို မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့။
Add new comment