အိန္ဒိယနိုင်ငံ Nipha Exports Private Limited (NIPHA) မှ ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း လက်ခံတွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မတ်လ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံ Nipha Exports Private Limited မှ ဒုတိယဥက္ကဋ္ဌ Mr.P.K.Shah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စက်မှုဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ စက်မှုကဏ္ဍအတွက် လိုအပ်သောပစ္စည်းများ တင်သွင်းရေး ကိစ္စ၊ MSME များ၊ သံမဏိ၊ ဘိလတ်မြေ၊ ဆေးဝါး၊ ချည်မျှင်နှင့် အထည်စသည့် လုပ်ငန်းများရှိ ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးကူညီရေးကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းများတွင် အိန္ဒိယရူပီး၊ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အိန္ဒိယနိုင်ငံ Nipha Exports Private Limited မှ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ စက်မှုကဏ္ဍ အတွက် လိုအပ်သောပစ္စည်းများ တင်သွင်းရေးကိစ္စ၊ နည်းပညာများ ပံ့ပိုးကူညီရေး ကိစ္စနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းများတွင် အိန္ဒိယရူပီး၊ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment