မတ်လ ၁၉ ရက်တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနားကို မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပြီး ပြည်နယ်ဂုဏ်ထူးဆောင်ထူးချွန်ဆုများဖြစ်ကြသည့် စီးပွားရေးထူးချွန်မှု၊ စိုက်ပျိုးရေးထူးချွန်မှု၊ မွေးမြူရေးထူးချွန်မှု၊ စက်မှုလက်မှုထူးချွန်မှုနှင့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ညပိုင်းတွင် သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပသည့် မွန်ပြည်နယ်နေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲနှင့် မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲ၏ ရိုးရာယိမ်းအကအဖွဲ့လိုက်ပြိုင်ပွဲနှင့် မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသည့်သူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မတ်လ ၁၈ ရက်တွင် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပြီး သမိန်ဗရမ်းဘက်စုံသုံးကွင်းရှိ နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစား အစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါမွန်ပြည်နယ်နေ့အခမ်းအနားတွင် ပြခန်းများအနေဖြင့် လယ်ယာကဏ္ဍ ၁၁ ခန်း၊ စက်မှုကဏ္ဍ ၁၀ ခန်း၊ ဝန်ဆောင်မှုကဏ္ဍ ၁၀ ခန်း၊ ပညာရေးပြခန်း ၈ ခန်း၊ ကျန်းမာရေးပြခန်း ၈ ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် အရောင်း ပြခန်း ၁၁ ခန်း၊ စုစုပေါင်း ၅၈ ခန်းအပြင် ဒေသတိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများကိုလည်း ပြသရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပြည်နယ် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်နယ်ဂုဏ်ထူးဆောင် ထူးချွန်ဆုများဖြစ်ကြသည့် စီးပွားရေးထူးချွန်မှု၊ စိုက်ပျိုးရေးထူးချွန်မှု၊ မွေးမြူရေးထူးချွန်မှု၊ စက်မှုလက်မှုထူးချွန်မှုနှင့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် သမိန်ဗရမ်း ဘက်စုံသုံးကွင်းရှိ နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေ မှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့။
- ပြခန်းများအနေဖြင့် လယ်ယာကဏ္ဍ ၁၁ ခန်း၊ စက်မှုကဏ္ဍ ၁၀ ခန်း၊ ဝန်ဆောင်မှု ကဏ္ဍ ၁၀ ခန်း၊ ပညာရေးပြခန်း ၈ ခန်း၊ ကျန်းမာရေးပြခန်း ၈ ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် အရောင်းပြခန်း ၁၁ ခန်း၊ စုစုပေါင်း ၅၈ ခန်း အပြင် ဒေသတိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများကိုလည်း ပြသရောင်းချပေးလျက်ရှိ။
Add new comment