၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်အထိ-

  • သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂၅၅ သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၁၈၅ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၄၄ သန်းရရှိခဲ့။
  • လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃,၄၀၃ ဒသမ ၄၅၁ သန်းရရှိခဲ့။

မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တောထွက်ပစ္စည်းအပြင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်းများလည်း တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ၁၁ လကျော်ကာလ အတွင်း ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃,၇၁၆ ဒသမ ၂၄၆ သန်းရရှိခဲ့ကြောင်းသိရှိရပါသည်။

         သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၄)

 

 

  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်အထိ သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၄၄ သန်းရရှိခဲ့ပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃,၄၀၃ ဒသမ ၄၅၁ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ၁၁ လကျော်ကာလအတွင်း ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃,၇၁၆ ဒသမ ၂၄၆ သန်းရရှိခဲ့။

Add new comment