ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာသတင်းယူ

       ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ ဖိတ်ကြားမှုအရ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိကျင်းပသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှားနိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းလေ့လာရေးများ ဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြပါသည်။

      မြန်မာမီဒီယာအဖွဲ့သည် အွန်လိုင်းမဲပေးစနစ်နှင့် မဲပေးနေမှုများအား စောင့်ကြည့်ထိန်းသိမ်းထားမှု၊ မော်စကိုမြို့အတွင်း မဲပေးလျက်ရှိသော မဲရုံများအား စောင့်ကြည့်နေမှု၊ အီလက်ထရောနစ် မဲပေးစက်များနှင့် မဲပေးပုံနည်းစနစ်များ လေ့လာခြင်း၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုအပါအဝင် နိုင်ငံတကာမှရွေးကောက်ပွဲလေ့လာသူများ၊ မဲရုံများမှ တာဝန်ရှိသူများနှင့် လာရောက်မဲပေးကြသူများ၊ မော်စကိုမြို့၊ ဒူးမားလွှတ်တော်မှ ဥက္ကဋ္ဌဖြစ်သူ Mr. Alexsey Valerievich Shaposhnikov နှင့် ဒူးမားအထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-ool တို့နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

     ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  Vladimir Vladimirovich Putin က မဲအရေအတွက် ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းရရှိပြီး ပြတ်သားသည့်မဲရလဒ်ဖြင့် အနိုင်ရရှိကာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတအဖြစ် နောက်ထပ် ၅ နှစ်သက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့် ရရှိသွားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၄)

  • ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိကျင်းပသော ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်၍ အီလက်ထရောနစ်မဲပေးစက်များနှင့် မဲပေးပုံနည်းစနစ်များ လေ့လာခြင်း၊ လွှတ် တော်နှင့် မဲရုံများမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  Vladimir Vladimirovich Putin က မဲအရေအတွက် ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းရရှိပြီး ပြတ်သားသည့်မဲရလဒ်ဖြင့် အနိုင်ရရှိကာ သမ္မတအဖြစ် နောက်ထပ် နှစ်သက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့် ရရှိခဲ့။

 

Add new comment