တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက် ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ဂုဏ်ပြုဖျော်ဖြေလျက်ရှိပါသည်။
မတ်လ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ရှိ တပ်နယ် ခန်းမ၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေး၊ စစ်သည်တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများနှင့် မိသားစုဝင်များက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွပါဝင်သီဆိုကြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၄)
- ကလိန်အောင်မြို့ရှိ တပ်နယ်ခန်းမ၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ အောင်ပွဲရရှေ့တန်းပြန် တပ်မတော် သားများနှင့် မိသားစုဝင်များက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွပါဝင်သီဆိုခဲ့။
Add new comment