အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်နှောင့်ယှက်မှုများကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်

        ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်မှုကြောင့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ကြပါသည်။

        နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့် အလမ်းမဆုံးရှုံးစေရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ စာမေးပွဲဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဖြေဆိုမည့်နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

 

  • ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်မှုကြောင့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ရ။
  • နိုင်ငံတော်အစိုးရအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သတ်မှတ်ထားသည့် အခြေခံ ပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည်ဖြစ်။

Add new comment