အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ  ၁၈ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Virtual စနစ်ဖြင့် ကျင်းပရာ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများက Video Message ဖြင့် အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Video Message ပေးပို့၍ အမှာစကားပြောကြားရာတွင် အာဟာရပိုင်းဆိုင်ရာ အာဆီယံမဟာ ဗျူဟာမူဘောင်နှင့် ဆောင်ရွက်မှုအစီအစဉ်တွင် နောင်လာမည့်     လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများ  ထုတ်ပြန်နိုင်ရေး မျှော်လင့်ကြောင်းနှင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများပပျောက်ရေး အာဟာရပိုင်းဆိုင်ရာ အခြားသောသက်ဆိုင်သည့်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်       ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEFအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၃-၂၀၂၄)

  • အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်းအခမ်းအနားသို့                အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊   ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့။

Add new comment