ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ထိုင်းနိုင်ငံ Pearl Vacations Co., Ltd. မှ Mr. Komsan Tungthirasuk ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည်  ထိုင်းနိုင်ငံ Pearl Vacations Co., Ltd.  မှ  CEO  ဖြစ်သူ Mr. Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်           အနုပညာရှင်များနှင့် ခရီးသွားမှတ်တမ်းရိုက်ကူးရေး ပညာရှင်အဖွဲ့အား မတ်လ ၁၈ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

  • တွေ့ဆုံစဉ် ထိုင်း-မြန်မာ နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်များကို ရေးဆွဲ ပြီး ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကိုလည်း ဖိတ်ခေါ်နိုင်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ရေခဲတောင်တန်းခရီးစဉ်ဒေသသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် တစ်ခုတည်းသော ထင်ရှားကျော်ကြားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ယင်းဒေသသို့     လာရောက်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများရိုက်ကူး၍ ဆိုရှယ် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ပြည်ပခရီးသွားမှတ်တမ်း ရိုက်ကူးရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Mr.Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော် အနုပညာရှင်များနှင့် ခရီးသွားမှတ်တမ်း ရိုက်ကူးရေးပညာရှင်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေးဗီဒီယိုများ သွားရောက် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၃-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ထိုင်းနိုင်ငံ Pearl Vacations Co., Ltd. မှ Mr. Komsan Tungthirasuk  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး  အစီအစဉ်များကို ရေးဆွဲပြီး ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကိုလည်း ဖိတ်ခေါ်နိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ရေး၊ မြန်မာနိုင်ငံ၏            ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေးဗီဒီယိုများရိုက်ကူး၍ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့။

Add new comment