နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှုများအား ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ကျရောက်မည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် မတ်လ ၁၈ ရက်တွင် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပြီး သမိန်ဗရမ်းဘက်စုံသုံးကွင်းရှိ နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

          အဆိုပါမွန်ပြည်နယ်နေ့အခမ်းအနားတွင် ပြခန်းများအနေဖြင့် လယ်ယာကဏ္ဍ ၁၁ ခန်း၊ စက်မှုကဏ္ဍ ၁၀ ခန်း၊ ဝန်ဆောင်မှုကဏ္ဍ ၁၀ ခန်း၊ ပညာရေးပြခန်း ၈ ခန်း၊ ကျန်းမာရေးပြခန်း ၈ ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် အရောင်းပြခန်း ၁၁ ခန်း၊ စုစုပေါင်း ၅၈ ခန်းအပြင် ဒေသတိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများကိုလည်း ပြသရောင်းချပေးလျက်ရှိပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကိုလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း   သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၃-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် သမိန်ဗရမ်းဘက်စုံသုံးကွင်းရှိ နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ် နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့။
  • ပြခန်းများအနေဖြင့် လယ်ယာကဏ္ဍ ၁၁ ခန်း၊ စက်မှုကဏ္ဍ ၁၀ ခန်း၊ ဝန်ဆောင်မှု ကဏ္ဍ ၁၀ ခန်း၊ ပညာရေးပြခန်း ခန်း၊ ကျန်းမာရေးပြခန်း ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် အရောင်းပြခန်း ၁၁ ခန်း၊ စုစုပေါင်း ၅၈ ခန်းအပြင် ဒေသတိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများကိုလည်း ပြသရောင်းချ ပေးလျက်ရှိ။

Add new comment