၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား အေးချမ်းစွာ ဖြေဆိုပြီးစီး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ရာ-

  • မတ်လ ၁၃ ရက်၊ စာမေးပွဲတတိယနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း စာစစ်ဌာန ၈၃၀ စာစစ်ဌာနစုစုပေါင်း ၈၄၁ ခုဖွင့်လှစ်ဖြေဆိုခဲ့ရာ သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၇၀၅ ဦးရှိကာ ဖြေဆိုသူ ၈၇.၈၄ ရာခိုင်နှုန်း ရှိခဲ့။
  • မတ်လ ၁၄ ရက်၊ စာမေးပွဲစတုတ္ထနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း စာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဓာတုဗေဒ ဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁,၄၇၁ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၈.၅၆ ရာခိုင်နှုန်းရှိခဲ့။
  • မတ်လ ၁၄ ရက်၊ စာမေးပွဲစတုတ္ထနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း စာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ပထဝီဝင်ဘာ သာရပ်လာရောက်ဖြေဆိုသူစုစုပေါင်း ၁၇,၂၀၈ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၃.၃၃ ရာခိုင်နှုန်းရှိခဲ့။
  • မတ်လ ၁၅ ရက်၊ စာမေးပွဲပဥ္စမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း ၌ စာစစ်ဌာန  ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁,၄၆၂ ဦးရှိကာ ရာခိုင်နှုန်း အားဖြင့် ၈၈.၅၅  ရာခိုင်နှုန်းရှိခဲ့။
  • မတ်လ ၁၅ ရက်၊ စာမေးပွဲပဥ္စမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၂ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၇၀၇ ခု စာစစ်ဌာန စုစုပေါင်း ၇၀၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ သမိုင်း ဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇,၂၀၇ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၃.၃၂ ရာခိုင်နှုန်းရှိခဲ့။
  • မတ်လ ၁၆ ရက်၊ စာမေးပွဲဆဋ္ဌမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၆ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၆၂ ခု စာစစ်ဌာနစုစုပေါင်း  ၇၆၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဇီဝဗေဒ ဘာသာရပ်လာရောက်ဖြေဆိုသူစုစုပေါင်း ၄၅,၁၂၅ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၉၃.၀၈ ရာခိုင်နှုန်း ရှိခဲ့။
  • မတ်လ ၁၆ ရက်၊ စာမေးပွဲဆဋ္ဌမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၆ ခုနှင့် ပြည်တွင်း ၌ စာစစ်ဌာန ၈၂၈ ခု စာစစ်ဌာန စုစုပေါင်း ၈၃၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဘောဂဗေဒ ဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃,၅၁၀ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၅.၁၈ ရာခိုင်နှုန်းရှိခဲ့။

        ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်း စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးခြင်းနှင့် စားသောက်ဖွယ် ရာများ ဝေငှပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၃-၂၀၂၄)

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်-

  • သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၇၀၅ ဦးရှိကာ ၈၇.၈၄ ရာခိုင်နှုန်းရှိခဲ့။
  • ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁,၄၇၁ ဦးရှိကာ ၈၈.၅၆ ရာခိုင်နှုန်းရှိခဲ့။
  • ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၇,၂၀၈ ဦးရှိကာ ၈၃.၃၃ ရာခိုင်နှုန်းရှိခဲ့။
  • ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁,၄၆၂ ဦးရှိကာ ၈၈.၅၅ ရာခိုင်နှုန်းရှိခဲ့။
  • သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇,၂၀၇ ဦးရှိကာ ၈၃.၃၂ ရာခိုင်နှုန်းရှိခဲ့။
  • ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၄၅,၁၂၅ ဦးရှိကာ ၉၃.၀၈ ရာခိုင်နှုန်းရှိခဲ့။
  • ဘောဂဗေဒ ဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃,၅၁၀ ဦးရှိကာ ၈၅.၁၈ ရာခိုင်နှုန်းရှိခဲ့။

Add new comment