မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက် စေရန် လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင် ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန် ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန်တစ်ဒေါ်လာ လျှင် ၃,၃၇၅ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိက ဘဏ် ၃ ဘဏ်ဖြစ်သော KBZ ၊ AYA နှင့် UAB ဘဏ်တို့ရှိ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား ကန်ဒေါ်လာ ၃၀၀မှ ကန်ဒေါ်လာ ၅၀၀အထိကို အမေရိကန် တစ် ဒေါ်လာလျှင် ၃,၁၀၀ ကျပ်နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိပါသည်။ 

ထိုကဲ့သို့ နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲလှယ် နှုန်း ကမောက်ကမဖြစ်စေလိုသော မသမာသူအဖျက်သမားများက လူမှုကွန်ယက် စာမျက်နှာများ၊ လူမှုကွန်ယက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး ငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိပါသည်။ 

ထို့ကြောင့် နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိသူများအနေဖြင့် နိုင်ငံခြား ငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြရန်နှင့် မဟုတ်မမှန် သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေးဈေးကစားသူများ၏   ပြောကြားချက်၊ ထုတ်ပြန်ချက်များကို မယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကိုဝင်ရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ဘဏ်များနှင့် တရားဝင်ငွေလဲကောင်တာများတွင်သာ နိုင်ငံခြား သုံးငွေများကို လဲလှယ်ရောင်းဝယ်သွားကြရန်လည်း ဗဟိုဘဏ်က တိုက်တွန်းထားကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၄)

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန် ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ် ဒေါ်လာ လျှင် ၃,၃၇၅ကျပ်နှုန်းဖြင့် ရောင်းဝယ်နေ။
  • ပုဂ္ဂလိကဘဏ် ၃ ဘဏ်ဖြစ်သော KBZ AYA နှင့် UAB ဘဏ်တို့ရှိ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား ကန်ဒေါ်လာ ၃၀၀မှ ကန်ဒေါ်လာ ၅၀၀အထိ ကို အမေရိကန် တစ်ဒေါ်လာလျှင် ၃,၁၀၀ ကျပ်နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိ။
  • နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိသူများအနေဖြင့် နိုင်ငံခြားငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြရန်နှင့် မဟုတ်မမှန်သတင်း ထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေးဈေးကစားသူများ၏ ပြောကြားချက်၊ ထုတ်ပြန်ချက်များကို မယုံကြည်ကြရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကိုဝင်ရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ဘဏ်များနှင့် တရားဝင်ငွေလဲကောင်တာများတွင်သာ နိုင်ငံခြားသုံးငွေများကို လဲလှယ်ရောင်းဝယ်သွားကြရန် ဗဟိုဘဏ်က တိုက်တွန်းထား။

Add new comment