ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား ရထားလမ်းအဆင့်မြှင့်တင်နေသော စီမံကိန်းလမ်းပိုင်းအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မတ်လ ၁၃ ရက်တွင်  ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း ဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ကြားရှိ စီမံကိန်း ဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ်ကို အကြမ်းဖက်သောင်းကျန်းသူများက မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခြင်း၊ ကွန်ကရစ် ဇလီဖားတုံးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အစုန်လမ်းပိုင်းပျက်စီးမှုအား အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည်ဖြစ်ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၁) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက် အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ် ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်း ထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၄)

 

  • ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာ အကြား စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ်ကို အကြမ်းဖက်သောင်း ကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် သံလမ်း ၁၀ ပေခန့် ပြတ် ထွက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၁) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့။

Add new comment