နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်း အနားကို မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် အမျိုးသမီးအသင်းအဖွဲ့ များ၏ ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုး သမီးရေးရာအဖွဲ့နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ခရိုင်ဥက္ကဋ္ဌများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးထု ကြီး၏အင်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသမီးကဏ္ဍမြှင့်တင် ပေးမည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ယန္တရားများ ပိုမိုအားကောင်းခိုင်မာစေရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှစ၍ ယနေ့အထိ နှစ် (၂၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးရေးရာအဖွဲ့များမှ ဥက္ကဋ္ဌများကို လည်းကောင်း၊ တာဝန်ရှိသူများက ၁၀ နှစ်၊ ၁၀ နှစ်ကျော်၊ ၁၅ နှစ်၊ ၁၅ နှစ်ကျော်နှင့် နှစ်(၂၀)တာဝန်ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများကိုလည်းကောင်း စေတနာ့ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့် ခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင် ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၄)

  • မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက နှစ် (၂၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးရေးရာအဖွဲ့များမှ ဥက္ကဋ္ဌများ ကို စေတနာ့ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့။
  • တာဝန်ရှိသူများက ၁၀ နှစ်၊ ၁၀ နှစ်ကျော်၊ ၁၅ နှစ်၊ ၁၅ နှစ်ကျော်နှင့် နှစ်(၂၀) တာဝန် ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကို စေတနာ့ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့။

Add new comment