မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက-

  • မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုနေသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်း ဖက်မှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိကာ နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေကြောင်း။
  • မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်လျက်ရှိပြီး ၎င်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေ ရလမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ လုပ် ဆောင်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များကို မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် သောင်းကျန်းသူ အဖွဲ့များသည် အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ် ဆက်သယ်ဆောင်လျက်ရှိနေကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက် လျက်ရှိကြောင်း။
  • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အထူးစစ်ဆင်ရေး ၃၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆင်ရေး Operation 39/24(2024) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC AFPI DEA NNCC ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည်လည်း မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ပတ်သက်နေမှုများကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annam ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း။
  • ထို့ပြင် ပြည်မကို ဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ ဝင်များ ပါဝင်နေသည်ကို (၈) ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း၊ AA အဖွဲ့ ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြည်တွင်းသတင်းများ၌သာ ကြေညာခဲ့ပြီး နိုင်ငံတကာအထိ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှတစ်ဆင့် ကျယ် ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်မငြိမ်မှု များအပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းရှိ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှ စစ်ဆေးဖော်ထုတ်တွေ့ရှိရကြောင်း၊
  • မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှရရှိသည့် ငွေကြေးများဖြင့် လက်နက် ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း ဆောင်ရွက်ကာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ထို့နောက် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၄)

 

  • မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်း ခြောက်အန္တရာယ်ပြုနေသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး မူးယစ်ဆေးဝါးထုတ်လုပ် သယ် ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိ။
  • မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်လျက်ရှိပြီး ၎င်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေ ရလမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ လုပ် ဆောင်လျက်ရှိ။
  • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အထူးစစ်ဆင်ရေး ၃၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆင်ရေး Operation 39/24(2024) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည်လည်း မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ပတ်သက်နေမှုများကို ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annam ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြခဲ့။
  • မြန်မာနိုင်ငံအတွင်းရှိ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များမှ စစ်ဆေးဖော်ထုတ်တွေ့ရှိရ။
  • မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှရရှိသည့် ငွေကြေးများဖြင့် လက်နက် ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းဆောင်ရွက်ကာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိ။

Add new comment