ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မတ်လ ၁၄ ရက်တွင် ရုရှားနိုင်ငံ၊ NPP A-Engineering LLC Company မှ Chief Commercial Officer Mr. Alexei Shoshin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် (၃၅၀၀၀) ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများဖြင့် တိရစ္ဆာန်အစားအစာနှင့် လောင်စာတောင့်များ ထုတ်လုပ်ရေး၊ သီးနှံများ စိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ စားသုံးဆီများကို အစားအစာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ မိရိုးဖလာဆီထုတ်လုပ်သည့်လုပ်ငန်းနည်းစနစ်မှ ပိုမိုကောင်းမွန်သည့် ဆီချောထုတ်လုပ်နိုင်ရန် ဆီသန့်စင် သည့် Refinery ဆိုင်ရာ နည်းပညာ များလိုအပ်ခြင်းနှင့် ဆီသန့်စင်စက်များ ဝယ်ယူတင်သွင်းနိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ 

တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအ တွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် (၃၅၀၀၀) ထွက်ရှိမည့် စားသုံးဆီ ထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ စေရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့။

Add new comment