တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထား လျက်ရှိ

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည် ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ မတ်လ ၁၃ ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့် ပြုပြီးဖြစ်ပါသည်။

အဆိုပါတည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၂ ပါတီအနက် ဖုံကြာဖူး (ခ) ဦးနေဝင်းမောင် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ပါတီတည်ထောင် ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ မတ်လ ၁၃ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်ပါသည်။ မှတ်ပုံတင်ခွင့်ပြုရန် လျှောက် ထားသည့် နိုင်ငံရေးပါတီ ၁၂ ပါတီအနက် ပါတီ ၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန် ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက် လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၄)

  • ဖုံကြာဖူး () ဦးနေဝင်းမောင် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ က ကော်မရှင်သို့ မတ်လ ၁၃ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေး ပါရန် လျှောက်ထားခဲ့။
  • မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၂ ပါတီအနက် ပါတီ ၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိ။

Add new comment