တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Kachin News Group မှ တင်ထားသော ဗန်းမော်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ ဗန်းမော်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များကို အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ချောင်းမြောင်းပစ် ခတ်ခဲ့သောကြောင့် ဗန်းမော်မြို့အတွင်းရှိ ကျေးရွာအချို့ပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ပြီး ဒေသခံများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော တပ်မတော်မှ မင်းပြားတွင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး စစ်တွေမြို့မဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများသေဆုံးခဲ့ဟူသည့်သတင်းများနှင့်ပတ်သက်၍ AA သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိ သော်လည်း အွန်လိုင်းပေါ်တွင် တပ်မတော်အပေါ် အပြစ်ပုံချ၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ် စွပ်စွဲရေးသား ထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေ ရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်များပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၄)

  • ဗန်းမော်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ ဗန်းမော်မြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့သောကြောင့် ဗန်းမော်မြို့အတွင်းရှိ ကျေးရွာအချို့ပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ပြီး ဒေသခံများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရ။
  • တပ်မတော်မှ မင်းပြားတွင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး စစ်တွေမြို့မဈေး အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများသေဆုံးခဲ့ဟူသည့် သတင်းများနှင့်ပတ်သက်၍ AA သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိသော်လည်း အွန်လိုင်းပေါ်တွင် တပ်မတော်အပေါ် အပြစ်ပုံချ၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

 

Add new comment