TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မဖမ်းဆီး၍ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့တွင် တာဝန်မထမ်းဆောင်လိုသော တိုင်းရင်းသားလူငယ်များက ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။
ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ် ၄ ဦးအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မတ်လ ၁၃ ရက်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက တစ်ဦးလျှင် တစ်ဆယ်သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး အုပ်ထိန်းသူမိဘများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၄)
- TNLA သောင်းကျန်းသူအဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသား လူငယ် ၄ ဦးအား တာဝန်ရှိသူများက တစ်ဦးလျှင် တစ်ဆယ်သိန်းကျပ်စီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး အုပ်ထိန်းသူမိဘများထံ လွှဲပြောင်းပေးအပ်ခဲ့။
Add new comment