AA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်များပျက်စီး

AA အကြမ်းဖက်သောင်းကျန်းသူများသည် မတ်လ ၁၃ ရက်တွင် ပုဏ္ဏားကျွန်း မြို့နယ်၊ ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ် ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိသော အခြေခံပညာမူလတန်း(လွန်) ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။

AA သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲ များဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပြီး ယခုတွင်လည်း အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားပို့ချပေးနေသည့် ပညာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာ မရှိသဖြင့် ဒေသခံ ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၄)

  • စစ်တွေမြို့နယ်ရှိ ရွှေပြည်သာကျေးရွာအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်း သူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံ ပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့။

Add new comment