ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား ခပေါင်းတံတားအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား၊ တံတားအမှတ် ၂၆၃၊ အရှည် ၆၈၀ ပေ သံဘောင်တံတား(ခပေါင်းတံတား) ပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက်စီးခဲ့ပါသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်နေစဉ် အဆိုပါ တံတားတစ်စင်းတည်းကိုသာ အစုန်/အဆန်ရထားများ ဖြတ်သန်းနေရသဖြင့် မိုင်းဖောက်ခွဲမှုကြောင့် တံတားထိခိုက်ပျက်စီးခဲ့ပါက ရထားသွားလာမှုရပ် ဆိုင်းသွားနိုင်၍ ခရီးသွားပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်စီးခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၀) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၄)

 

  • တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား၊ တံတားအမှတ် ၂၆၃၊ (ခပေါင်းတံတား) ပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏ လူသွားလမ်းအတက်အုတ်ခုံပျက်စီးခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၀) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်။

Add new comment