၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-

  • ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၄၆၂.၅၈ ကီလို၊ ဘိန်းဖြူ ၇၀.၄၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၇၄,၀၆၆ ပြား၊ စိတ် ကြွရူးသွပ်ဆေးပြားအကြေ ၀.၈ ကီလို၊ အိုက်စ် ၂,၈၉၇.၄၈  ကီလို၊ ဆေးခြောက် ၂၉၁.၄၇ ကီလို၊ ဘိန်းဆီခဲ ၂၃.၁၉ ကီလို၊ အဆင့်နိမ်ဘိန်း ၀.၀၀၃ ကီလို၊ ဘိန်း စာရွက် ၅၆.၃၅ ကီလို၊ ဘိန်းစာမှုန့် ၁.၅၁ ကီလို၊ ဘိန်းစာရည် ၄ လီတာ၊ အက် တက်စီဆေးပြား ၂၃ ပြား၊ ဒိုင်ယာဇီပမ်ဆေးပြား ၁၄၀ ပြား၊ အယ်လ်ပရာဇိုလမ် ဆေးပြား ၅,၆၀၀ ပြား၊ ထရာမဒေါလ်ဆေးတောင့် ၅,၈၀၀ တောင့်၊ ထရာမဒေါလ် ထိုးဆေး ၅၅၀ ပုလင်း၊ ကက်တမင်း ၆၂.၈၉ ကီလို၊ Happy Water ၂၁.၅၂ ကီလို၊ ချောင်းဆိုးပျောက်ဆေးရည် ၀.၁၂ လီတာ၊ ကဖင်း ၅,၀၀၀ ကီလို၊ Methylamine ၁၆,၄၀၀ လီတာ၊ Sulphuric Acid ၁,၂၀၀ လီတာ၊ Hydrochloric Acid ၅၆၀ လီတာ၊ Ammonium Nitrate ၈၅,၂၅၀.၆ ကီလို၊ နှင့် Benzyl Cyanide ၁၂,၄၀၀ လီတာ၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၈၈,၂၁၃.၄၈ (US$ ၄၂.၀၀၆ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၇၇ ဦး၊ အမျိုးသမီး ၉၇ ဦး၊ စုစုပေါင်း တရားခံ ၆၇၄ ဦးဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၄)

  • ဖေဖော်ဝါရီလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၈၈,၂၁၃.၄၈ (US$ ၄၂.၀၀၆ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၇၇ ဦး၊ အမျိုးသမီး ၉၇ ဦး၊ စုစုပေါင်းတရားခံ ၆၇၄ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment