တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆီဆိုင်နှင့် ဟိုပုံးမြို့တို့တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများကြဲချမှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပြီး KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး အဆိုပါမြို့များအတွင်းသို့ ရည်ရွယ်ချက် ရှိရှိဖြင့် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော တောင်တွင်းကြီးနှင့် ဓနုဖြူမြို့ များမှ လူငယ်များအား တပ်မတော်ကဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်း နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါသတင်းမှာ မှန်ကန် မှုမရှိကြောင်းနှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဝါဒဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Kachin News Grouop မှ တင်ထားသော တပ်မတော်က မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံရှမ်းအမျိုးသမီးငယ် သုံးဦးသေဆုံးခဲ့ဟူ သည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ KIA နှင့် PDF အကြမ်းဖက်သမားများသည် အဆိုပါကျေးရွာအနီးမှ လုံခြုံရေးတပ်စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အနီးဝန်းကျင်ကျေးရွာများပေါ်သို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန်ရည်ရွယ်ပြီး လူမှုကွန်ရက်များပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၄)
- ဆီဆိုင်နှင့် ဟိုပုံးမြို့တို့တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများကြဲချမှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပြီး KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက အဆိုပါမြို့များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်းသာဖြစ်။
- တောင်တွင်းကြီးနှင့် ဓနုဖြူမြို့များမှ လူငယ်များအား တပ်မတော်က ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဝါဒဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရ။
- တပ်မတော်က မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံရှမ်းအမျိုးသမီးငယ် သုံးဦးသေဆုံး ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ KIA နှင့် PDF အကြမ်းဖက်သမားများသည် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ အနီးဝန်းကျင်ကျေးရွာများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရ။
Add new comment