၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် အထိ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၃,၀၁၇ ဒသမ ၀၁၂ သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၅,၁၀၆ ဒသမ ၃၇၇ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၈,၁၂၃ ဒသမ ၃၈၉ သန်း ရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိ ၁၁ လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၉,၃၂၀ ဒသမ ၉၉၄ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆၆၄ သန်း ရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ၁၁ လတာကာလအတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၁,၄၈၁,၇၇၂ ဒသမ ၅၈၆ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၂၅၆ ဒသမ ၁၄၁ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလ မှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁,၈၈၇ ဒသမ ၆၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃၁ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလ မှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံပေါင်း ၄၀ ခန့်သို့ ရေထွက်ကုန်တန်ချိန် ၄၅၉,၉၇၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၈ သန်းရရှိခဲ့။

ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များ တင်ပို့ရာတွင် ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၀၅၈ ဒသမ ၅၈၉ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၄)

 

  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် အထိ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၈,၁၂၃ ဒသမ ၃၈၉ သန်း ရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၉,၃၂၀ ဒသမ ၉၉၄ တန်တင်ပို့ နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆၆၄ သန်း ရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၁,၄၈၁,၇၇၂ ဒသမ ၅၈၆ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁,၂၅၆ ဒသမ ၁၄၁ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁,၈၈၇ ဒသမ ၆၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃၁ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလ မှ ဖေဖော်ဝါရီလကုန်အထိ ပြည်ပနိုင်ငံပေါင်း ၄၀ ခန့်သို့ ရေထွက်ကုန်တန်ချိန် ၄၅၉,၉၇၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၈ သန်းရရှိခဲ့။

 

Add new comment