မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၆၃ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၆၉ ခု ခွင့်ပြုပေးနိုင်ခဲ့

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၆၃ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၆၉ ခုကို ခွင့်ပြု ပေးနိုင်ခဲ့ပါသည်။ ခွင့်ပြုပေးခဲ့သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၆၃ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆၅၁.၉ သန်းခန့်နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၆၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၁,၂၈၇.၃ ဘီလီယံခန့်ရှိကာ ပြည်တွင်းရှိအလုပ်သမား များအတွက် အလုပ်အကိုင်နေရာပေါင်း ၅,၅၃၀ ကျော်ကို ဖန်တီးပေးနိုင်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှ ငွေကျပ်ဘီလီယံ ၉၉၀ ကျော် ဝင်ရောက်ရန်လျာထားဆောင်ရွက်ခဲ့သော် လည်း စုစုပေါင်းငွေကျပ် ၁,၂၈၇ ဘီလီယံကျော် ဝင်ရောက်ခဲ့သည့်အတွက် ငွေကျပ်ဘီလီ ယံ ၃၀၀ နီးပါး ပိုမိုရင်းနှီးမြှုပ်နှံခဲ့ကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်များတွင်လည်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၄)

 

 

  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခုဘဏ္ဍာနှစ်အတွင်း ခွင့်ပြုပေးခဲ့သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၆၃ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၅၁. သန်းခန့်နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၆၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ,၂၈၇. ဘီလီယံခန့်ရှိကာ ပြည်တွင်းရှိအလုပ်သမားများအတွက် အလုပ် အကိုင်နေရာပေါင်း ,၅၃၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့။

 

Add new comment