ပြည်ထောင်စုဝန်ကြီးများ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme - WFP) ၏ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Operation Officer) Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က မတ်လ ၁၂ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးတွင် လက်ခံတွေ့ဆုံခဲ့ရာတွင်-

  • ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ အတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တွေ့ဆုံစဉ် WFP က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် WFP အကြား ရှေ့ဆက် လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် WFP အကြား လက်ရှိပူးပေါင်း ဆောင် ရွက်မှုကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဗိုလ်ချုပ် တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်နှင့်အတူ WFP ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. John Aylieff၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme - WFP) မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်ဖွဲ့တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေး၊ မြန်မာအစိုးရနှင့် WFP အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။

 

 

                                  

 

 

 

Add new comment