၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား အေးချမ်းစွာ ဖြေဆိုလျက်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၃၀ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၁၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ-

  • စာမေးပွဲဖြေဆိုရန်စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ဦး ရှိ။
  • မတ်လ ၁၁ ရက်၊ စာမေးပွဲပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၈၀၁ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း အနေဖြင့်  ၈၇.၉၀  ရာခိုင်နှုန်းရှိခဲ့။
  • မတ်လ ၁၂ ရက်၊ စာမေးပွဲ ဒုတိယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၇၂၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၇.၈၅ ရာခိုင်နှုန်းရှိခဲ့။

 ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၄)

  • ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန အခု ၈၃၀ နှင့် နိုင်ငံခြားစာစစ်ဌာန ၁၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ခဲ့ရာ စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ဦးရှိ။
  • မတ်လ ၁၁ ရက်၊ စာမေးပွဲပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၈၀၁ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း အနေဖြင့်  ၈၇.၉၀  ရာခိုင်နှုန်းရှိခဲ့။
  • မတ်လ ၁၂ ရက်၊ စာမေးပွဲ ဒုတိယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၇၂၅ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့် ၈၇.၈၅ ရာခိုင်နှုန်းရှိခဲ့။

Add new comment