AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

AA အကြမ်းဖက်သောင်းကျန်းသူများသည် မတ်လ ၁၁ ရက်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာ၏ အနောက်မြောက်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအနီးသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပါသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက ဒေသကောင်းစားရေးခေါင်းစဉ်ဖြင့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး ယခုလိုမဆင်မခြင် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့အနာဂတ်ဖြစ်သည့် ကလေးငယ်များ ၏ ပညာရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်စေခဲ့ပါသည်။ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စာမေးပွဲဖြေဆိုနေသည့် ကလေးငယ်များအားလုံး ဘေးကင်း လုံခြုံစွာဖြင့် စာမေးပွဲဆက်လက်ဖြေဆိုနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၄)

  • စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်း သူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့။

 

Add new comment