နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း များတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၁ ရက်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။                       

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး ညိုစော၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က အမှာစကားပြောကြားရာတွင် -    

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျ ဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ကုစားနိုင်ရန်နှင့် နိုင်ငံ့စီးပွားပြန်လည်ဖွံ့ဖြိုး တိုးတက်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်၏ ရငွေများ၊ သုံးငွေများကို ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ပေး လျက်ရှိကြောင်း။
  • မိမိတို့တာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း ရငွေပိုင်းနှင့် သုံးငွေပိုင်များတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ် ဘက်ပေါင်းစုံမှ နှောင့်ယှက်ဖျက်ဆီးမှု စသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ကြုံတွေ့ခဲ့ရသော်လည်း ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့များ အားလုံးက ယင်းအခက်အခဲများကို မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရင်ဆိုင်ကျော်လွှားကာ ချမှတ်ပေးထားသည့် စီးပွားရေးရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ကြပါကြောင်း။
  • စိန်ခေါ်မှုများကြောင့် အချို့ဝန်ကြီးဌာနများက ရရှိလာသည့်ဘဏ္ဍာငွေများကို အပြည့်အဝ မသုံးစွဲနိုင်သည့် ကိစ္စရပ်များရှိသဖြင့် ပြန်လည်အပ်နှံရသည်များလည်း ရှိပါကြောင်း။
  • အချို့ဝန်ကြီးဌာနများမှ ပြန်အပ်ငွေများအတွက်လည်း အကျိုးမဲ့မဖြစ်သွားစေရန် အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့် ကဏ္ဍများတွင် ပြန်လည်ထည့်သွင်းပြီး သုံးစွဲစေခဲ့သည်ကို သိရှိစေလိုပါကြောင်း။
  • နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်လိုငွေများစွာဖြစ်ပေါ်ပါက နိုင်ငံတော်၏ ကြွေးမြီမြင့် တက်လာနိုင်သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေကို ရှိသင့်ရှိထိုက်သည့် အတိုင်းအတာအတွင်းသာ ထားရှိရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ ဝင်ငွေအများဆုံး ရှာပေးနိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် မိမိဌာနမှ ပေးအပ်ထားသည့် မူလရည်မှန်းချက်များကို အပြည့်အဝရရှိအောင်နှင့် ကျော်လွန် အောင် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူ လူမှုရေးအသုံးစရိတ်၊ ဌာနများအလိုက် သုံးစွဲရသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် မလိုအပ်ဘဲ များပြားစွာ လေလွင့်ဆုံးရှုံးမှုများမရှိအောင် သုံးစွဲပေးနိုင်ရန်လိုကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် တာဝန်ရှိသူများက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြခဲ့ကြရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း ရငွေပိုင်းနှင့် သုံးငွေပိုင်များတွင် စိန်ခေါ်မှုများနှင့်ကြုံတွေ့ခဲ့ရသော်လည်း ဝန်ကြီး ဌာန အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့များ အားလုံးက ချမှတ်ပေးထားသည့် စီးပွားရေးရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့။
  • အချို့ဝန်ကြီးဌာနများမှ ပြန်အပ်ငွေများအတွက်လည်း အကျိုးမဲ့မဖြစ်သွားစေရန် အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့် ကဏ္ဍများတွင် ပြန်လည်ထည့်သွင်းပြီး သုံးစွဲစေခဲ့။
  • နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်လိုငွေများစွာဖြစ်ပေါ်ပါက နိုင်ငံတော်၏ ကြွေးမြီမြင့် တက်လာနိုင်သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်း သိမ်းဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေကို ရှိသင့်ရှိထိုက်သည့် အတိုင်း အတာအတွင်းသာ ထားရှိရမည်ဖြစ်။

Add new comment