နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-
- တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ မတ်လ ၆ ရက်၌ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် ၂ စင်းအား စစ်ဆေးခဲ့ရာ အဆိုပါလှေငယ်များပေါ်မှ ကာလဒေသတန်ဖိုးငွေကျပ် ၇.၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ နှင့်အတူ တရားခံခြောက်ဦးအား ဖမ်းဆီးရမိခဲ့။
- စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါစိတ်ကြွဆေးများကို သယ်ဆောင်ခိုင်းသူ တစ်ဦးနှင့် ပူးပေါင်းပါဝင်သူ တစ်ဦးတို့အား ဆည်တော်ကျေးရွာတွင် ထပ်မံဖမ်းဆီးရမိခဲ့။
သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်ဆောင်ခဲ့ပြီး မန္တလေးသို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၄)
- မတ္တရာမြို့နယ်တွင် ကာလဒေသတန်ဖိုးငွေကျပ် ၇.၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား သိန်း ၅၀ နှင့်အတူ တရားခံရှစ်ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment