တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

         တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာအား ဒုတိယအကြိမ် မီးရှို့ခဲ့သောကြောင့် အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါကျေးရွာနှင့် အနီးတစ်ဝိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။‌
  • တရားမဝင်မီဒီယာ Myanmar Pressphoto Agency မှ တင်ထားသော တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြို့ကို တိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်အနေဖြင့် ဓာတုဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများက တိုက်ပွဲ များတွင် ၎င်းတို့အကျအဆုံးများပြားခဲ့သောကြောင့် တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ပြင်းထန်စွာ ရိုက်နှက်ပြီး တိုက်ပိတ်ထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်စည်းကမ်းများအား ဖောက်ဖျက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ၎င်းအကျဉ်းသားများကို အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တိုက် ပိတ်ပြစ်ဒဏ် ၁၄ ရက်ချမှတ်ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ အားလုံးကို ဖမ်းဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာအတွင်း အကြမ်းဖက်သမားက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေခြင်းသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Shwe Phee Myay News Agency မှ တင်ထားသော စစ်မှုထမ်းရန်အတွက် အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခုလျှင် လူ ၂၀ နှုန်း တောင်းခံနေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်မှုထမ်းခိုင်းရန်အတွက် မည်သည့်မြို့ရွာများတွင်မဆို နေထိုင်သည့် ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆီဆိုင်မြို့အား တပ်မတော်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ဆီဆိုင်မြို့တွင် မည့်သည်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကြီးပစ်ခတ်ခြင်းများနှင့် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများက ဆီဆိုင်မြို့အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးနှင့် ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုမှ ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင် လူ ၅၀ ဦးအား စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းနေဟူသည့်သတင်းသည် ကောလာဟလ သတင်းအမှားဖြစ်ပြီး စစ်မှုထမ်းခိုင်းရန်အတွက် မည်သည့်မြို့နယ်များမှ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Delta News Agency မှ တင်ထားသော စစ်မှုထမ်းရန် စုဆောင်းခံရမည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများနှင့် ကြုံတွေ့နိုင် ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည်ဖော်ရာ လတ်တလောတွင် အမျိုးသမီးများကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့်အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် အကြမ်းဖက်အားပေးသူများနှင့် တရားမဝင်မီဒီယာများက ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် သတင်းမှားများအား အွန်လိုင်းပေါ်တွင် အချိန်ကိုက် ဝါဒဖြန့်ချိရေးသားလျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Narinjara မှ တင်ထားသော စစ်တွေမြို့တွင် လစာလာ ထုတ်သည့် မြို့နယ်ပညာရေးမှူးနှင့် စာမေးပွဲအခန်းစောင့်ရန်လာသည့် ဆရာ၊ ဆရာမ ၂၀ ဦးခန့်ကို စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး မြေပြင်တွင် အဆိုပါကိစ္စရပ်မျိုး ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းနှင့် AA သောင်းကျန်းသူများက အဆိုပါမြို့အတွင်းသို့ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Myanmar Pressphoto Agency မှ တင်ထားသော ရန်ကုန် မြို့တွင် စစ်မှုထမ်းရန်အတွက် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူမှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် လူငယ်များတိမ်းရှောင်နေရဟူသည့်သတင်းသည် ကောလာဟ လသတင်းအမှားသာဖြစ်ပြီး ၎င်းသတင်းများအား ယုံမှား၍ လူငယ်များ လမ်းမှားရောက်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက သတင်းအမှားများလွှင့်ပြီး မဲဆွယ်စည်းရုံးနေခြင်းသာဖြစ်ကြောင်း သိရှိရ။

      အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ် စွပ်စွဲရေးသား ထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေ ရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်များပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၄)

 

  • လုံခြုံရေးတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာအား ဒုတိယအကြိမ် မီးရှို့ ခဲ့သောကြောင့် အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါ ကျေးရွာနှင့် အနီးတစ်ဝိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။
  • တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြို့ကို တိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်အနေဖြင့် ဓာတုဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ပြင်းထန်စွာ ရိုက်နှက်ပြီး တိုက်ပိတ်ထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသားများ ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တိုက်ပိတ်ပြစ်ဒဏ် ၁၄ ရက်ချမှတ်ခဲ့ခြင်းသာဖြစ်။
  • ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူအားလုံးကို ဖမ်းဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာအတွင်း အကြမ်းဖက်သမားက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေခြင်းသာရှိ။
  • စစ်မှုထမ်းရန်အတွက် အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခုလျှင် လူ ၂၀ နှုန်း တောင်းခံနေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်မှုထမ်းခိုင်းရန်အတွက် မည်သည့်မြို့ရွာများတွင်မဆို နေထိုင်သည့် ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းမရှိ။
  • ဆီဆိုင်မြို့အား တပ်မတော်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ဟူသည့် သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပြီး ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းမရှိကြောင်း၊ တပ်မတော်အနေဖြင့် လက်နက်ကြီးပစ်ခတ်ခြင်းများနှင့် ဓာတု အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးနှင့် ပဲခူးမြို့နယ်၊ အထက် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုမှ ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင် လူ ၅၀ ဦးအား စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းနေဟူသည့်သတင်းသည် ကောလာဟလ သတင်းအမှားဖြစ်ပြီး စစ်မှုထမ်းခိုင်းရန်အတွက် မည်သည့်မြို့နယ်များမှ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းမရှိ။
  • စစ်မှုထမ်းရန် စုဆောင်းခံရမည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများနှင့် ကြုံတွေ့နိုင်ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အကောင်အထည်ဖော်ရာ လတ်တလောတွင် အမျိုးသမီးများကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း သိရှိရ။
  • စစ်တွေမြို့တွင် မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်း ၂၀ ဦးခန့်ကို စစ်တွေ မြို့မရဲစခန်းတွင် ဖမ်းဆီးထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး မြေပြင်တွင် အဆိုပါကိစ္စရပ်မျိုးမရှိဘဲ AA သောင်းကျန်းသူများကသာ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
  • ရန်ကုန်မြို့တွင် စစ်မှုထမ်းရန်အတွက် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် လူငယ်များတိမ်းရှောင်နေရဟူသည့်သတင်းသည် သတင်း အမှားသာဖြစ်ပြီး ၎င်းသတင်းများအား ယုံမှား၍ လူငယ်များလမ်းမှားရောက်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက သတင်းအမှားများလွှင့်ပြီး မဲဆွယ်စည်းရုံးနေခြင်းသာဖြစ်။

Add new comment