AA သောင်းကျန်းသူများက စစ်တွေမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

    

       AA သောင်းကျန်းသူများက မတ်လ ၉ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက်အရပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦးဒဏ်ရာများရရှိခဲ့ ပါသည်။ အဆိုပါ ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များက စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပါသည်။

      အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသော AA သောင်းကျန်းသူများ၏ လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၄)

  • AA သောင်းကျန်းသူများက စစ်တွေမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကသဲရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦးဒဏ်ရာများရရှိခဲ့။

Add new comment