“ မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက်မွေးမြူ ထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း” စီမံကိန်း စတင်

   

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက်မွေးမြူ ထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း” စီမံကိန်းစတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသကြက်မျိုး မြှင့်တင်ရေးအ တွက် ကြက်သားစပ်ခြင်းနှင့် ဒေသကြက်ရောဂါ စူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို မတ်လ ၈ ရက်တွင်  နေပြည်တော် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ် သင်တန်းခန်းမ၌ ကျင်းပရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်း ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ကောက်ယူခဲ့သော တိရစ္ဆာန် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် ဒေသကြက်ကောင်ရေ ၄၁ ဒသမ ၄၀ သန်းခန့်ရှိသော်လည်း တိုးပွားလာသည့် လူဦးရေနှင့် ဈေးကွက်လိုအပ်ချက်အရ ဒေသကြက်တိုးမြှင့်မွေးမြူ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ  ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဒေသ ကြက်များ မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်း သုတေသနစီမံကိန်းတစ်ခုကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီမံကိန်းတွင် ဒေသကြက်မျိုးရင်းများထက် ကြီးထွားနှုန်းပိုမြန်ပြီး အသားအရသာ ပိုမိုနူးညံ့သော ဒေသကြက်မျိုးများ ရရှိရန်နှင့် ဒေသကြက်မွေးမြူရေး၌ အဖြစ်များသည့် ရောဂါများအား စနစ်တကျ ကြိုတင်ကာကွယ်နိုင်ရန်   ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူ ဒေသမျိုးရင်းကြက်များဖြစ်သည့် အင်ပင်ဝ၊ လည်ပြောင်၊ စစ်တကောင်းအပါအဝင် မြန်မာကြက်မျိုးရင်းများ၏ မျိုးရိုးဗီဇ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်းများတွင် လက်တွေ့သင်ကြားပြသမှုကို အထောက် အကူပြုစေနိုင်မည်ဖြစ်သည့်အပြင် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအတွက် ဘွဲ့ယူကျမ်းများပြုစုနိုင်မည့် အခွင့်အလမ်းများကိုပါ ရရှိစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၄)

  • ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်း သုတေသနစီမံကိန်းတစ်ခုကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအထူးရန်ပုံငွေ(၂၀၂၃) ဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အကောင် ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။
  • စီမံကိန်းတွင် ဒေသကြက်မျိုးရင်းများထက် ကြီးထွားနှုန်းပိုမြန်ပြီး အသားအရသာ ပိုမိုနူးညံ့သော ဒေသကြက်မျိုးများ ရရှိရန်နှင့် ဒေသကြက်မွေးမြူရေး၌ အဖြစ်များသည့် ရောဂါများအား စနစ်တကျ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အလားတူ ဒေသမျိုးရင်းကြက်များဖြစ်သည့် အင်ပင်ဝ၊ လည်ပြောင်၊ စစ်တကောင်းအပါအဝင် မြန်မာကြက်မျိုးရင်းများ၏ မျိုးရိုးဗီဇ ထိန်းသိမ်းခြင်း ဆိုင်ရာ သုတေသနများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်။

Add new comment