နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ အဖွင့်မိန့်ခွန်းပေးပို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ပေးပို့သည့် အဖွင့်မိန့်ခွန်းကောက်နုတ်ချက်မှာ-

  • ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ အရှိန် အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး (Invest in Women: Accelerate Progress) ဖြစ်ပြီး ဆောင်ပုဒ်၏ရည်ရွယ်ချက်အရ ကျားမတန်းတူ ညီမျှမှုရရှိစေရန်အတွက် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီရရှိပြီး စီးပွားရေးတွင် ပိုမိုပါဝင်လာစေမည့် နည်းလမ်းများကို စူးစမ်းလေ့လာကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
  • အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားစေရေး၊ ၎င်းတို့၏ လေ့လာနိုင်စွမ်း၊ ဝင်ငွေရှာဖွေနိုင်စွမ်းနှင့် ဦးဆောင်နိုင်စွမ်းများကို ခိုင်မာအား ကောင်းလာစေရေးအတွက် အမျိုးသမီးများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် အနာဂတ်အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူပြီး လိုအပ်သည့်ကဏ္ဍများတွင် ပါဝင်ခွင့်ပေးရမှာဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် အမျိုးသမီးအများစုပါဝင်လုပ်ဆောင်နိုင်မည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ(MSME) ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍအလိုက်လိုအပ်သော ကျွမ်းကျင်မှုများရရှိစေရန် အစီအစဉ်များဆောင်ရွက်ပေးနေကြောင်း။
  • အမျိုးသမီးများလုပ်ငန်းခွင်တွင် နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးဦးရေ ၁၀၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ကလေးထိန်းဌာနများထားရှိရေး လူမှုဖူလုံရေးဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းဒုတိယသက်တမ်း(၂၀၂၃-၂၀၃၂)ကို ရေးဆွဲလျက်ရှိကြောင်း။

အမျိုးသမီးများဘက်စုံ၊ ကဏ္ဍစုံ၌ စွမ်းရည်ပြည့်ဝစေရန် နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး တက်ညီလက်ညီပူးပေါင်းကာ ဆတက်ထမ်းပိုးတိုးပြီး ရင်းနှီးမြှုပ်နှံပေးကြပါရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၄)

  • အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားစေရေး၊ ၎င်းတို့၏ လေ့လာနိုင်စွမ်း၊ ဝင်ငွေရှာဖွေနိုင်စွမ်းနှင့် ဦးဆောင်နိုင်စွမ်းများကို ခိုင်မာအားကောင်းလာစေရေးအတွက် အမျိုးသမီးများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် အနာဂတ်အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူပြီး လိုအပ်သည့်ကဏ္ဍများတွင် ပါဝင်ခွင့်ပေးရမှာဖြစ်။
  • အမျိုးသမီးများလုပ်ငန်းခွင်တွင် နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးဦးရေ ၁၀၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ကလေးထိန်းဌာနများထားရှိရေး လူမှုဖူလုံရေးဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်။
  • မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းဒုတိယသက်တမ်း(၂၀၂၃-၂၀၃၂)ကို ရေးဆွဲလျက်ရှိ။

Add new comment