နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

       ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးပြောကြားခဲ့ရာတွင်-

  • မိမိတို့နိုင်ငံတွင် ဝါများ စိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကို စနစ်တကျဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိဝါစိုက်ဧက ၅ သိန်း၌ ၁ ဧကလျှင် ပိဿာချိန် ၇၀၀ ခန့် ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံ၌ လက်ရှိထွက်ရှိနေသည့် ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • ဝါစိုက်ပျိုးမှုများမှ ထွက်ရှိသည့် ဝါများကို ဗိုင်းငင်ခြင်းအားဖြင့် ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို)နှင့် ဝါစေ့များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ရက်ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်းများလုပ်ကိုင်ခြင်း စသည့်အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ချည်မျှင်နှင့် အထည်အလိပ်နှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
  • ဝါစေ့များကို ဆီကြိတ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဆီစက်လုပ်ငန်းများ လည်ပတ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစာများအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း။
  • လက်ရှိဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် တိုင်းပြည်စီးပွားရေးကို ကောင်းမွန်တိုးတက်အောင် အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ ဝါအထွက်နှုန်းများတိုးတက်စေရေး လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများ ရရှိရေးအတွက် ရေရှည်ကိုကြည့်၍ စီမံတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း။
  • မိမိတို့နိုင်ငံတွင် ဝတ်ရေးနှင့်ပတ်သက်၍ ဖူလုံသင့်သလောက်ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက်လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း။
  • ထို့ကြောင့် ဝါအထွက် နှုန်းများတိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးလိုအပ်သည်များကို ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင်-

  • မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုကြောင်းနှင့် ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊
  • ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A) အဆင့်ရှိ ဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း။
  • ထိုမှတစ်ဆင့် ထွက်ရှိလာသည့်  ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်ကြောင်း။
  • ချည်ချောများ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များချမှတ်၍ တစ်ဆင့်ခြင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။
  • ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာကြားပြီး သိရှိလိုသည်များ မေးမြန်းကာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၄)

 

  •  မိမိတို့နိုင်ငံတွင် ဝါများ စိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကို စနစ်တကျဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိဝါစိုက်ဧက ၅ သိန်း၌ ၁ ဧကလျှင် ပိဿာချိန် ၇၀၀ ခန့် ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ် ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်။
  • ဝါစိုက်ပျိုးမှုများမှ ထွက်ရှိသည့် ဝါများကို ဗိုင်းငင်ခြင်းအားဖြင့် ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို) နှင့် ဝါစေ့များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ရက်ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်းများလုပ်ကိုင်ခြင်းစသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ချည်မျှင်နှင့် အထည်အလိပ်နှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်။
  • အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့်  မိမိတို့နိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက်လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်။

Add new comment